ရေစီးကြမ်းထဲမျောပါလာတဲ့ ဘီယာစည်ပိုင်းကို စွန့်စားဆယ်ယူခဲ့တဲ့အမျိုးသမီး

သြစတေးလျနိုင်ငံ Queensland က အမျိုးသမီးတစ်ဦးဟာ မုန်တိုင်းကျနေစဥ်အတွင်းမှာ အသက်အန္တရာယ်ကိုမမှုဘဲ ရေစီးထဲမျောပါလာတဲ့ ဘီယာစည်ပိုင်းကို ရေထဲဆင်းယူခဲ့တာကြောင့် သတင်းရဲ့ခေါင်းစီးပိုင်းမှာ ပါသွားခဲ့ပါတယ်။ ထိုအမျိုသမီးရဲ့ ထူးခြားတဲ့အပြုအမူကို ဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေရိုက်ပြီး လူမှုကွန်ယက်ပေါ်ကို တင်လိုက်တဲ့အချိန်မှာတော့ အင်တာနက်ပေါ်မှာ ရေပန်းစားသွားခဲ့ပါတယ်။

သတင်းများရဲ့အဆိုအရ New South Wales နဲ့ Queensland ဒေသတွေမှာ လေပြင်းများတိုက်ခတ်ပြီး မိုးကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း အဆိုပါဆိုးရွားတဲ့ရာသီဥတုဟာ ထိုအမျိုးသမီးရဲ့ ဘီယာစည်ပိုင်းကို ရေထဲဆင်းယူတဲ့စွန့်စားခြင်းကိုတော့ ရပ်တန့်နိုင်ခြင်းမရှိခဲ့ပါဘူး။

7news သတင်းဌာနရဲ့ သတင်းထောက်တစ်ယောက်ဟာ ထိုအမျိုးသမီးကို မြင်တွေ့ခဲ့ပြီး ဗီဒီယိုရိုက်ကူးခဲ့ပါတယ်။ ထိုအမျိုးသမီးဟာ သမုဒ္ဒရာထဲစီးမျောသွားတဲ့ ဘီယာစည်ပိုင်းကိုဆင်းယူရင်း ရေစီးကြမ်းတာကြောင့် အန္တရာယ်လည်းများခဲ့ပါတယ်။ ဒါပေမဲ့လည်း သူမဟာ ကံကောင်းစွာနဲ့ပဲ သူမရဲ့ ဘီယာစည်ပိုင်းကို ဆယ်ယူတဲ့ဖြစ်စဥ်ဟာ အောင်မြင်သွားခဲ့ပါတယ်။

သတင်းထောက်က ထိုအမျိုးသမီးကို မေးမြန်းခဲ့ရာမှာတော့ ” သမုဒ္ဒရာကြီးဟာ ဘယ်အရာနဲ့မှ မတူပါဘူး။ ကြီးကျယ်ခန်းနားလွန်းပါတယ်။ ” လို့ ဖြေကြားသွားခဲ့ပါတယ်။

အင်တာနက်ပေါ်မှာတော့ လူမှုကွန်ယက်အသုံးပြုသူများဟာ သူမရဲ့လုပ်ရပ်အပေါ်ကို ထင်မြင်ချက်အမျိုးမျိုးပေးခဲ့ကြပါတယ်။ အများက သူမရဲ့လုပ်ရပ်ကို ရယ်စရာအဖြစ် ပြောဆိုခဲ့ကြပေမယ့် အချို့သူတွေကတော့ အသက်အန္တရာယ်ရှိတဲ့အတွက် အဓိပ္ပာယ်မရှိတဲ့ စွန့်စားခြင်းပါပဲလို့ မှတ်ချက်ပေးခဲ့ကြပါတယ်။

ရေစီးထဲမျောပါလာတဲ့ ဘီယာစည်ပိုင်းကို ခုန်ဆင်းပြီး ဆယ်ယူခဲ့ပုံရုပ်သံ

 

error: Content is protected !!