အချိန်ရဲ့တိုက်စားမှုဒဏ်ကို ဘယ်အရာမှ ရေရှည်မခံနိုင်ဘူးဆိုတာ သက်သေပြနေတဲ့ ဓာတ်ပုံများ – (၂၅)ပုံ

လောကကြီးမှာ အမြဲတမ်းတည်မြဲနေတဲ့အရာလုံးဝမရှိသလို ပြောင်းလဲခြင်းတွေဆိုတာကလည်း စဉ်ဆက်မပြတ်ဖြစ်ပေါ်နေတာပါ။ အချိန်က သက်ရှိသက်မဲ့အရာအားလုံး ကို လွှမ်းမိုးထားပြီး အချိန်ကြာလာတာနဲ့အမျှ ယိုယွင်းပျက်စီးသွားရတာချည်းပါပဲ။ လူတိုင်းသတိမထားမိပေမယ့် လည်းအချိန်က တရွေ့ရွေ့နဲ့ ပြောင်းလဲနေတယ်ဆိုတာကတော့ အမှန်ပါပဲ။ အောက်ဘက်မှာတော့ အချိန်ရဲ့ တိုက်စားမှုဒဏ်ကို ဘယ်အရာမှ ရေရှည်မခံနိုင်ကြောင်းကို သက်သေပြနေတဲ့ ဓာတ်ပုံတွေကိုဖော်ပြပေးလိုက်ပါတယ်။

၁။ အချိန်အတိုင်းအတာတစ်ခုထိ ကြာမြင့်ပြီးတဲ့နောက်မှာတော့ စက်ဘီးခြေနင်းက အုတ်နံရံလို မာကျောတဲ့အရာကိုတောင် ပုံစံ ပျက်သွားစေနိုင်ပါတယ်။

Image Credit : Internet

၂။ အအေးဘူးကို ထိုင်ခုံလက်ကိုင်က အံ့ကွက်ထဲမှာ ဒီတိုင်း ၂ နှစ်လောက် ပစ်ထားမိလိုက်တာ။ ဘူးရဲ့အပေါ်ပိုင်းက ဆေးရောင်တွေ လွင့်ပျယ်သွားခဲ့ပြီး ပုံထဲကအတိုင်း ဖြစ်သွားခဲ့ပါတယ်။

Image Credit : Internet

၃။ နှစ်ပေါင်းမြောက်များစွာ ကြာမြင့်နေပြီဖြစ်တဲ့ ယူနီယမ်ရထားဘူတာရှိ ထိုင်ခုံတန်းလေးပါ။ မသိရင် သရဲကားတွေကထဲက ခုံတန်းလေးလိုလိုပါပဲ

Image Credit : Internet

၄။ ကမ်းကို မကြာခဏရိုက်ခတ်လာတဲ့ ပင်လယ်ရေက တိုက်စားသွားခြင်းကို ခံရတာကြောင့် လှိုင်းပုံစံလေးတောင်ပေါ်နေတဲ့ အုတ်နံရံအပိုင်းအစ

Image Credit : Internet

၅။ ဘုန်းကြီးတစ်ပါးဟာ နေရာတစ်နေရာထဲမှာပဲ ဝတ်ပြုဆုတောင်းခြင်းကို ဆယ်စုနှစ်ကြာအောင် ပြုလုပ်ပြီးနောက်မှာတော့ ကြမ်းပြင်မှာ ခုလိုမျိုး ခြေရာတောင်ပေါ်လာခဲ့ပါတယ်။

Image Credit : Internet

၆။ ဘယ်လောက်ပဲ ငယ်ရွယ်နုပျိုတဲ့ လက်တစ်စုံကို ပိုင်ဆိုင်ခဲ့ဖူးပေမယ့်လည်း လူတိုင်းတစ်ချိန်မှာ အခုလိုမျိုးအရေပြားတွံ့ရှုံ့နေတဲ့ လက်တစ်စုံကို ပိုင်ဆိုင်ရအုံးမှာပါပဲ။

Image Credit : Internet

၇။ ကျောက်မီးသွေးစက်ရုံက ထွက်တဲ့မီးခိုးငွေ့တွေကြောင့် နယူးရောက်မြို့တော်ရှိအဆောက်အဦးတောင် အမည်းရောင် အဆောက်အဦးတွေအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။ ဓာတ်ပုံထဲမှာတော့ အဆောက်အဦးကို ပြန်လည်သန့်ရှင်းရေးလုပ်ထားတဲ့အပိုင်းနဲ့ သန့်ရှင်းရေးမလုပ်ထားတဲ့ အပိုင်းတို့ကို ယှဉ်တွဲပြထားတာဖြစ်ပါတယ်။

Image Credit : Internet

၈။ တရုတ်ပြည်က မဟာတံတိုင်းကြီးမှာရှိတဲ့ လှေကားတစ်ခု…

Image Credit : Internet

၉။ နှစ်ပေါင်းများစွာကြာအောင် အတက်အဆင်းတွေ ပြုလုပ်ထားတော့ လှေကားထစ်တွေက ပုံစံတောင်ပျက်နေပါပြီ။

Image Credit : Internet

၁၀။ ဘယ်ဘက်ထိပ်ဆုံးမှာရှိတဲ့ဓားက ဘယ်အရာကိုမှ လှီးချွတ်ထားခြင်းမရှိသေးတဲ့ဓားဖြစ်ပြီး အဲ့ဒီဓားကို အချိန်အတော်ကြာ အသုံးပြုလိုက်ရင်တော့ ညာဘက်က ဓားတွေလိုမျိုး ပုံစံပြောင်းသွားမှာ ဖြစ်ပါတယ်။

Image Credit : Internet

၁၁။ နှစ်ပေါင်း(၄၀)လုံး ဆက်တိုက်အသုံးပြုလာခဲ့တဲ့ ခေါင်းအုံးစွပ်ရဲ့ လက်ရှိပုံစံရယ် လုံးဝအသုံးပြုထားခြင်းမရှိဘဲ သိမ်းဆည်းထားတဲ့ ခေါင်းအုံးစွပ်ရယ်ကို ယှဉ်ကြည့်လိုက်တဲ့အခါမှာတော့..

Image Credit : Internet

၁၂။ (၂၈)နှစ်ကြာအောင် နေပူထဲပစ္စည်းပို့တဲ့ အလုပ်လုပ်ကိုင်သူရဲ့ မျက်နှာဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ နေရောင်ခြည်ကို ထိတွေ့ထားတော့ မျက်နှာအသားအရည်ပျက်ဆီးသွားတာပါ။

Image Credit : Internet

၁၃။ အောက်ခံကြမ်းခင်းပြားတွေကို ဖယ်ရှားခြင်းမပြုဘဲ အပေါ်ယံတင်လမ်းခင်းထားတာပါ။ ဒါပေမယ့်လည်း ကားပါကင်အဖြစ်နှစ်ပေါင်းများစွာကြာအောင် အသုံးပြုလိုက်တဲ့အခါမှာတော့ အပေါ်ယံခင်းထားတဲ့လမ်းတောင်မှ ပျက်စီးစ ပြုနေပါပြီ။

Image Credit : Internet

၁၄။ ဗာဂျီနီးယားရဲ့ ကျေးလက်ဒေသလေးမှာ လူတွေအသုံးမပြုကြတော့တဲ့ ခရစ်ယာန်ဘုရားကျောင်းတစ်ကျောင်းပါ။ ဘုရားကျောင်းအတွင်းပိုင်းမှာ ဘယ်လိုအခြေအနေ ရှိမလောက်မလဲဆိုတာ မသိပေမယ့် အပြင်ဘက်ပိုင်းမှာတော့ ချုံနွယ်တွေက နေရာအနှံ့ပေါက်ရောက်နေပါပြီ။

Image Credit : Internet

၁၅။ ဒီဝက်ဝံရုပ်လေးနှစ်ရုပ်က တကယ်တော့ ချွတ်စွပ်တူနေတဲ့ အရုပ်(၂)ရုပ်ပါ။ ဘယ်ဘက်က ဝက်ဝံရုပ်ကိုတော့ ကျွန်တော့်အစ်ကို နှစ်(၃၀)ကြာအောင် အသုံးပြုခဲ့ပြီးဖြစ်ပြီး ညာဘက်က အရုပ်ကိုတော့ ကျွန်တော့်အစ်ကို ကလေးမွေးပြီးတော့မှ ကလေးအတွက်ဆိုပြီး သိမ်းထားရာကနေ ထုတ်လိုက်တာပါ။

Image Credit : Internet

၁၆။ တောအုပ်ထဲက လူတွေအသုံးမပြုကြတော့တဲ့ ရေလှောင်ကန်တစ်ခုပါ။ ဒုတိယကမ္ဘာစစ်တုန်းကတော့ ဒီနေရာကို တပ်ပေါင်းတွေ ခေတ္တနေထိုင်ရာ နေရာတစ်ခု အဖြစ် အသုံးပြုခဲ့ကြပါတယ်။

Image Credit : Internet

၁၇။ စာတိုက်ပုံးပေါ်ကို သစ်ပင်တစ်ပင်ရဲ့ပင်စည်က ကူးစက်လာပြီးတော့ မကြာခင်အချိန်မှာ စာတိုက်ပုံးတစ်ခုလုံးကို ဝါးမျိုသွားမယ့် ပုံ ရှိနေပါတယ်။

Image Credit : Internet

၁၈။ စက်ဘီးပျက်တစ်စီးလည်း သစ်ပင်တစ်ပင်ရဲ့ ပင်စည်ထဲ ဝါးမြိုခံလိုက်ရတာပဲ ဖြစ်ပါတယ်။

Image Credit : Internet

၁၉။ ဗဲနီးရပ်စ်ရှိ အူဇဲလ်ပစ်မှာ စွန့်ပစ်ထားခြင်းခံရတဲ့ စန္ဒယားကြီးတစ်ခုပါ။ သံစဉ်တွေ ထွက်ပေါ်လာအောင် တီးမဲ့သူမရှိတော့ပေမယ့် အပင်လေးတွေပေါက်နေပြီဖြစ်တာကြောင့် သဘာဝတရားကြီးနှင့် နီးစပ်တဲ့ အရာတစ်ခုဖြစ်သွားခဲ့ပါပြီ။

Image Credit : Internet

၂၀။ အင်္ဂလန်နိုင်ငံက လူသူမနေတော့တဲ့ အိမ်ဟောင်းလေးတစ်လုံးပါ။ အိမ်သုံးပစ္စည်းတွေ ရှိနေသေးပေမယ့်လည်း လူမနေတော့တာသေချာလို့ သဘာဝတရားက အပင်လေးတွေကို ပေါက်ရောက်နေထိုင်ခွင့်ပြုလိုက်ပြီလေ။

Image Credit : Internet

၂၁။ ဒီတစ်ခုမှာလည်း သစ်ပင်က လမ်းဘေးက ဘောင်တစ်ခုကို ကျော်လွန်ပြီးတော့ ပင်စည် ကူးလာခဲ့တာပဲ ဖြစ်ပါတယ်။

Image Credit : Internet

၂၂။ ၁၉၁၄ ခုနှစ်လောက်က သစ်ပင်ပေါ်မှာ စက်ဘီးကိုတင်ခဲ့ပြီးနောက် နှစ်ပေါင်းများစွာကြာမှ ပြန်လာကြည့်တဲ့အခါမှာတော့ စက်ဘီးကိုသစ်ပင်က ဝါးမျိုပြီးပြီပဲဖြစ်ပါတယ်။

Image Credit : Internet

၂၃။ မြို့ပျက်ကြီးကနေ ကျန်ခဲ့တဲ့ကျောက်တုံးကြီးတွေကို သစ်ပင်တွေက ဝါးမြိုထားတာဖြစ်ပါတယ်။

Image Credit : Internet

၂၄။ နှစ်အတော်လေး ကြာမြင့်နေပြီဖြစ်တဲ့ ဂစ်တာဟောင်းတစ်လုံးပါ။ ဂစ်တာအိုးကသာ ဆွေးမြေ့နေလို့ အပေါက်တွေ ဖြစ်နေပေမယ့် ထိန်းထိန်းသိမ်းသိမ်း ကိုင်လို့ထင်ပါရဲ့ ကြိုးတွေကတော့ အကောင်းတိုင်းပါပဲ။

Image Credit : Internet

၂၅။ တောအုပ်ထဲမှာ ပစ်ထားခဲ့တဲ့ ကားနှစ်စီးက အချိန်ကြာမြင့်လာတဲ့အခါမှာတော့ သဘာဝပတ်ဝန်းကျင်နဲ့လိုက်လျောညီထွေရှိတဲ့ အရာတစ်ခုဖြစ်သွားခဲ့ပါတယ်။

Image Credit : Internet
error: Content is protected !!