မိမိကို ကိုက်ခဲ့တဲ့မြွေအား ပြန်လည်ကိုက်ခဲပြီး လက်စားချေခဲ့တဲ့ အမျိုးသား

အဆိပ်ပြင်းတဲ့မြွေတစ်ကောင် အကိုက်ခံရမယ်ဆိုရင် လူ့အသက်ကို သေစေနိုင်ပါတယ်။ ထို့အတွက်ကြောင့် လူတစ်ဦးတစ်ယောက်က မြွေကိုက်ခံရတယ်ဆိုရင် နီးစပ်ရာဆေးရုံ၊ ဆေးခန်းကို အမြန်ဆုံးသွားကြရပါလိမ့်မယ်။ ဒါပေမယ့်လည်း အိန္ဒိယနိုင်ငံက အမျိုးသားတစ်ဦးကတော့ မြွေကိုက်ခံခဲ့ရပြီး ဆေးရုံ၊ ဆေးခန်းကိုသွားမယ့်အစား သူ့ကို ကိုက်ခဲ့တဲ့မြွေကိုသာ လက်စားချေတဲ့အနေနဲ့ မသေမခြင်းပြန်လည်ကိုက်သတ်နေခဲ့ပါတယ်။

အိန္ဒိယနိုင်ငံ Odisha ပြည်နယ်မှာရှိတဲ့ Gambharipatia ဆိုတဲ့ကျေးရွာက Kishore Badra ဆိုတဲ့ အမျိုးသားဟာ အလုပ်သိမ်းချိန်လယ်ကွင်းထဲကနေ ပြန်လာတဲ့အချိန်မှာ ခြေထောက်ကို မြွေကိုက်ခံခဲ့ရတာ ဖြစ်ပါတယ်။ Badra ဟာ မြွေကိုက်ခံရပြီးပြီးချင်းမှာပဲ သူ့ကို ကိုက်ခဲ့တဲ့မြွေကို ပြန်လည်ကိုက်သတ်ပြီး ရွာထဲကို ယူဆောင်လာခဲ့ပါတယ်။

အနီးအနားမှာရှိတဲ့ ရွာသားတွေဟာ Badra ကို ချက်ချင်းပဲ ဆရာဝန်တစ်ယောက်ယောက်နဲ့ပြသဖို့ ပြောဆိုခဲ့ကြပါတယ်။ ဒါပေမဲ့လည်း Badra ကတော့ မြွေကိုသာ ဆက်လက်ကိုက်နေခဲ့ပါတယ်။

Badra က သတင်း Media တစ်ခုကို ပြောဆိုခဲ့ရာမှာတော့ ” ကျွန်တော် မနေ့ညက အိမ်ကိုပြန်လာတဲ့အချိန်မှာ ခြေထောက်ကို အကောင်တစ်ကောင်က ကိုက်ခဲ့ပါတယ်။ ဓာတ်မီးထိုးပြီး သေချာကြည့်လိုက်တဲ့အခါမှာ အဆိပ်ပြင်းတဲ့မြွေတစ်ကောင် ဖြစ်နေပါတယ်။ ဒါနဲ့ ကျွန်တော်လည်း လက်စားခြေတဲ့အနေနဲ့ အဲ့ဒီမြွေကို ပြန်လည်ကိုက်သတ်ခဲ့ပါတယ်။ ” လို့ ပြောဆိုခဲ့ပါတယ်။

Badra ဟာ သူကိုက်သတ်ခဲ့တဲ့မြွေကို ရွာထဲကိုယူဆောင်လာပြီး သူကတော့ အေးဆေးပါပဲလို့ ပြောဆိုခဲ့ပါတယ်။ Badra ဟာ ဆေးရုံကိုသွားပြဖို့ ငြင်းဆန်ခဲ့ပြီး ဒေသခံတိုင်းရင်းဆေးဆရာနဲ့သာ ကုသခဲ့ပါတယ်။

ဗီဒီယိုကြည့်ရန်

error: Content is protected !!