မိမိတို့ရဲ့ဘဝရှေ့ရေး တိုးတက်ကောင်းမွန်ဖို့အတွက် ပိုမိုကောင်းမွန်တဲ့အလုပ်အကိုင်အခွင့်အလန်းတွေကို ပြောင်းလဲရွေးချယ်ပြီး လုပ်ကိုင်ကြတာဟာ အထူးအဆန်းတစ်ခုတော့မဟုတ်ပါဘူး။ ဒါပေမယ့် ဥရောပဘောလုံးကလပ်အသင်းတစ်သင်းမှာ ကစားနေတဲ့ဘောလုံးသမားတစ်ယောက်ကတော့ ဘောလုံးသမားဘဝကိုစွန့်လွှတ်ပြီး အပြာရုပ်ရှင်လောကထဲက ဝင်ရောက်လာခဲ့ပါတယ်။

အီတလီနိုင်ငံက Davide Iovinella လို့ခေါ်တဲ့အသက်(၂၈)နှစ်အရွယ် ဘောလုံးသမားဟာ အီတလီအမှတ်ပေးဘောလုံးပြိုင်ပွဲတစ်ခုဖြစ်တဲ့ Serie D ရဲ့ ASD Caldio Pomigliano ဆိုတဲ့ဘောလုံးအသင်းမှာ ကစားခဲ့တဲ့ဘောလုံးသမားတစ်ယောက်ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ဥရောပဘောလုံးသမားအများစုဟာ အသက်(၃၀)ကျော်မှ အနားယူလေ့ရှိကြပေမယ့်လည်း Iovinella ကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ပဲ ဘောလုံးသမားဘဝကနေအနားယူပြီး အပြာမင်းသားတစ်ယောက်အဖြစ် လုပ်ကိုင်ခဲ့ပါတယ်။

The Sun သတင်းရဲ့အဆိုအရ Iovinella ဟာ အသက်(၂၄)အရွယ်ကတည်းကပင် ဘောလုံးကစားတာကိုနားပြီး သူ့ရဲ့အိမ်မက်တစ်ခုဖြစ်တဲ့ အပြာမင်းသားတစ်ယောက်အဖြစ် လုပ်ကိုင်ချင်ခဲ့တာလို့ဆိုပါတယ်။ ဥရောပထိပ်တန်းအသင်းတွေမှာ ကစားနေကြတဲ့ ဘောလုံးကစားသမားတွေဟာ လစာကောင်းကြပေမယ့် Pomigliano အသင်းမှာကစားနေတဲ့ Iovinella ဟာ လစာနည်းလို့ ဆိုတဲ့အကြောင်းပြချက်နဲ့ အခြားအလုပ်တစ်ခုကို ပြောင်းလဲလုပ်ကိုင်ချင်ခဲ့တာလည်း ဖြစ်ပါတယ်။

Iovinella ဟာ ဒါရိုက်တာ Rocco Siffredi ရဲ့အပြာရုပ်ရှင်တစ်ခုမှာ ပါဝင်သရုပ်ဆောင်ဖို့အတွက် လူအယောက်(၃၀၀၀)ခန့်ပါဝင်တဲ့လူရွေးပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်လျှောက်ထားခဲ့ပါတယ်။
Iovinella ဟာ ဟန်ဂေရီနိုင်ငံရဲ့ မြို့တော် Budapest ကိုသွားရောက်ခဲ့ပြီး အပြာဇာတ်ကားဒါရိုက်တာ Rocco Siffredi ရဲ့ Siffredi’s Academy အပြာရုပ်ရှင်သင်တန်းမှာ သွားရောက်လေ့လာခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူဟာ Davide Montana ဆိုတဲ့အမည်နဲ့ Instagram ပေါ်မှာ အသုံးပြုလျက်ရှိပါတယ်။

Iovinella က သူရဲ့အလုပ်အကိုင်နဲ့ပတ်သက်ပြီးတော့ The Sun သတင်းဌာနကိုပြောကြားချက်မှာတော့ “ကိုယ့်ရဲ့ချစ်သူနဲ့ အိပ်ယာထဲမှာ အတူနေတဲ့ပုံစံနဲ့တော့ ဘယ်တူပါ့မလဲ အလုပ်တည်မြဲဖို့အတွက် ကြိုးစားရတာပေါ့”လို့ ဆိုခဲ့ပါတယ်။
Iovinella ဟာ ၂၀၁၈ ခုနှစ်တုန်းက Budapest မြို့ကို သွားရောက်လည်ပတ်ရင်းနဲ့ အဲ့ဒီမှာကလပ်တစ်ခုဖွင့်ဖို့ ဆန္ဒရှိခဲ့တာလည်း ဖြစ်ပါတယ်။ သူက “ဟန်ဂေရီမှာ ကလပ်တစ်ခုဖွင့်ဖို့ စိတ်ကူးထားတယ်”လို့လည်း ဆိုပါတယ်။

ဘောလုံးသမားဘဝကနေ အနားယူပြီး အခြားလုပ်ငန်းတွေကို ပြောင်းလဲလုပ်ကိုင်ကြတာဟာ Iovinella တစ်ယောက်ထဲတော့ မဟုတ်ပါဘူး။ ဥပမာအနေနဲ့ အဲရစ်ကန်တိုနာ လိုနာမည်ကြီးဘောလုံးသမားတစ်ယောက်က ဘောလုံးလောကမှ အနားယူပြီးနောက် ရုပ်ရှင်သရုပ်ဆောင်အဖြစ် လုပ်ကိုင်ခဲ့သလို ဂျာမန်ကလပ် Werder Bremen အသင်းရဲ့ဂိုးသမားဟောင်း Tim Wiese ဟာလည်း ဘောလုံးလောကမှ အနားယူပြီး WWE နပန်းသမားတစ်ယောက်အဖြစ် လုပ်ကိုင်ခဲ့ပါတယ်။