Animals

တိရိစ္ဆာန်လေးတွေကို လူတွေရဲ့လက်နဲ့ ပြုပြင်ပေးထားသော ရယ်စရာဓာတ်ပုံများ – (၂၅)ပုံ

Photoshop ကို ကျွမ်းကျင်စွာ အသုံးပြုတတ်ကြသူများဟာ အလှဓာတ်ပုံတွေကို ဖန်တီးပေးနိုင်ကြသလို ရယ်စရာဟာသဓာတ်ပုံများကိုလည်း ဖန်တီးပေးတတ်ကြပါတယ်။ လူမှုကွန်ယက်တစ်ခုပေါ်က Photoshop group တစ်ခုမှာတော့ တိရိစ္ဆာန်လေးတွေကို လူတွေရဲ့လက်နဲ့ ပြုပြင်ပေးထားတဲ့ Photoshop ဓာတ်ပုံတွေကို မျှဝေခဲ့ကြပါတယ်။ အဆိုပါဓာတ်ပုံတွေဟာ ချစ်စရာလည်းကောင်းသလို ရယ်စရာလည်းကောင်းတာကြောင့် စုစည်းဖော်ပြပေးလိုက်ပါတယ်။ ၁။ ၂။ ၃။ ၄။ ၅။ ၆။ ၇။ ၈။ ၉။ ၁၀။ ၁၁။ ၁၂။ ၁၃။ ၁၄။ ၁၅။ ၁၆။ ၁၇။ ၁၈။ ၁၉။ ၂၀။ ၂၁။ ၂၂။ ၂၃။ ၂၄။ ၂၅။

ခရစ္စမတ်မှာ မပျော်ရွှင်ခဲ့ကြတဲ့ ချစ်စရာအိမ်မွေးတိရိစ္ဆာန်လေးများ – (၂၅)ပုံ

ခရစ္စမတ်ကာလမှာတော့ ခရစ္စမတ်သစ်ပင်လေးတွေကို မီးအလှဆင်တာတွေ ခရစ္စမတ်လက်ဆောင်ပေးတာတွေနဲ့ ပျော်ရွှင်စွာဖြတ်သန်းကြလေ့ရှိပါတယ်။ ဒါပေမယ့်လည်း အားလုံးပျော်ရွှင်ကြတာတော့မဟုတ်ပါဘူး။ အထူးသဖြင့် ရယ်စရာကောင်းလှတဲ့ အိမ်မွေးတိရိစ္ဆာန်လေးတွေပေါ့။ သက်သောင့်သက်သာမရှိလှတဲ့ ခရစ္စမတ်ဝတ်စုံတွေကြောင့် ဖြစ်ပျက်နေကြတဲ့တိလေးတွေရဲ့ပုံစံဟာ ချစ်စရာကောင်းသလို ရယ်စရာလည်းကောင်းနေပါတယ်။ ဘယ်လိုတွေချစ်စရာကောင်းနေကြသလဲဆိုတာကိုတော့ အောက်ဘက်ကတိလေးတွေရဲ့ဓာတ်ပုံတွေကို ကြည့်လိုက်ကြရအောင်။ ၁။ ၂။ ၃။ ၄။ ၅။ ၆။ ၇။ ၈။ ၉။ ၁၀။ ၁၁။ ၁၂။ ၁၃။ ၁၄။ ၁၅။ ၁၆။ ၁၇။ ၁၈။ ၁၉။ ၂၀။ ၂၁။ ၂၂။ ၂၃။ ၂၄။ ၂၅။

တောရိုင်းတိရိစ္ဆာန်ဟာသဓာတ်ပုံပြိုင်ပွဲမှ အရယ်ရဆုံးဟာသဓာတ်ပုံများ – (၂၅)ပုံ

တောရိုင်းတိရိစ္ဆာန်တွေရဲ့ ဟာသဓာတ်ပုံများကိုတော့ Comedy Wildlife Photography Awards မှ နှစ်စဉ်ပြိုင်ပွဲအဖြစ် ကျင်းပပေးလျက်ရှိပါတယ်။ ပြိုင်ပွဲကျင်းပပေးရတဲ့ရည်ရွယ်ချက်ကတော့ ဓာတ်ပုံလေးတွေကိုကြည့်ပြီး ရယ်မောခြင်းအပြင် တောရိုင်းတိရိစ္ဆာန်တွေရဲ့မျိုးစိတ်တွေ မျိုးတုံးပျောက်ကွယ်ခြင်းမှကာကွယ်ရန်နဲ့ ထိန်းသိမ်းစောင့်ရှောက်နိုင်ရန် ဖြစ်ပါတယ်။ ယခုတစ်ခေါက်မှာတော့ တောရိုင်းတိရိစ္ဆာန်ဟာသဓာတ်ပုံပြိုင်ပွဲမှ ရယ်စရာဓာတ်ပုံအချို့ကို မျှဝေတင်ဆက်ပေးလိုက်ပါတယ်။ ၁။ ၂။ ၃။ ၄။ ၅။ ၆။ ၇။ ၈။ ၉။ ၁၀။ ၁၁။ ၁၂။ ၁၃။ ၁၄။ ၁၅။ ၁၆။ ၁၇။ ၁၈။ ၁၉။ ၂၀။ ၂၁။ ၂၂။ ၂၃။ ၂၄။ ၂၅။

မြွေတွေကို လက်ပုံလေးတွေရေးဆွဲပေးလိုက်တဲ့အခါ မြင်တွေ့ရမယ့်ဓာတ်ပုံများ – (၂၂)ပုံ

ကမ္ဘာပေါ်မှာ မြွေမျိုးစိတ်ပေါင်း(၃၀၀၀)ကျော်ရှိပြီးတော့ အန္တာတိက၊ အိုင်စလန်၊ အိုင်ယာလန်၊ ဂရင်းလန်းနဲ့ နယူးဇီလန် အစရှိတဲ့ဒေသတွေမှလွဲပြီး ကျန်တဲ့နေရာဒေသတွေမှာ တွေ့ရှိနိုင်ပါတယ်။ မြွေမျိုးစိတ်(၆၀၀)ခန့်ဟာ အဆိပ်ပြင်းပြီးတော့ မျိုးစိတ်(၂၀၀)ခန့်ဟာ ကြီးမားတဲ့ဒဏ်ရာ သို့မဟုတ် လူ့အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်ပါတယ်။ ကျန်တဲ့မြွေမျိုးစိတ်ပေါင်း(၂၀၀၀)ကျော်မှာတော့ အဆိပ်မရှိတဲ့မြွေမျိုးစိတ်တွေများစွာပါဝင်ပေမယ့်လည်း လူအများစုကတော့ မြွေဆိုရင်ကို ကြောက်ရွံ့ကြလေ့ရှိကြပါတယ်။ ဒါပေမယ့် ကြောက်စရာကောင်းတဲ့မြွေတွေရဲ့ဓာတ်ပုံတွေကို လက်ပုံလေးတွေ ရေးဆွဲပေးလိုက်တဲ့အခါမှာတော့ အမြင်တစ်မျိုးပြောင်းလဲသွားမလားဆိုတာ အောက်ကဓာတ်ပုံလေးတွေကို ကြည့်လိုက်ကြရအောင်။ ၁။ ၂။ ၃။ ၄။ ၅။ ၆။ ၇။ ၈။ ၉။ ၁၀။ ၁၁။ ၁၂။ ၁၃။ ၁၄။ ၁၅။ ၁၆။ ၁၇။ ၁၈။ ၁၉။ ၂၀။ ၂၁။ ၂၂။

error: Content is protected !!