Funny

ကလေးကစားကွင်းမှာဆော့ကစားရင်း ဒုက္ခရောက်ခဲ့ကြသူများ – (၂၅)ပုံ

အချို့သောလူငယ်လူရွယ်များဟာ အသက်အရွယ်အားဖြင့်ကြီးပြင်းလာပေမယ့် ကလေးကစားကွင်းတွေကိုရောက်တဲ့အခါမှာတော့ ငယ်ငယ်က ကစားခဲ့သလို ပြန်ကစားချင်သူတွေရှိကြပါတယ်။ ဒါပေမယ့်လည်း ကလေးကစားကွင်းဆိုတာကတော့ ကလေးတွေအတွက်သာ ရည်ရွယ်ပြီးပြုလုပ်ထားတဲ့အတွက်ကြောင့် လူကြီးတွေအတွက်မသင့်တော်လှပါဘူး။ သို့ပေမယ့်လည်း အချို့သောသူများဟာ မိမိနဲ့မသင့်တော်ဘူးဆိုတာသိပေမယ့်လည်း ကလေးကစားကွင်းမှကစားစရာများကို ဆော့ကစားလိုက်တဲ့အခါ ဒုက္ခရောက်ကြပါတော့တယ်။ ထို့ကဲ့သို့ ကလေးကစားကွင်းမှာ ဆော့ကစားရင်း ဒုက္ခရောက်ခဲ့ကြသူများကို တစ်ခါတစ်ရံမှာတော့ မီးသတ်သမားများကို အကူအညီတောင်းရတဲ့အခါမျိုးလည်း ရှိပါတယ်။ ယခုတစ်ခေါက်မှာတော့ ကလေးကစားကွင်းမှာဆော့ကစားရင်း ဒုက္ခရောက်ခဲ့ကြသူများရဲ့ ဓာတ်ပုံများကိုစုစည်းဖော်ပြပေးလိုက်ပါတယ်။ ၁။ ၂။ ၃။ ၄။ ၅။ ၆။ ၇။ ၈။ ၉။ ၁၀။ ၁၁။ ၁၂။ ၁၃။ ၁၄။ ၁၅။ ၁၆။ ၁၇။ ၁၈။ ၁၉။ ၂၀။ ၂၁။ ၂၂။ ၂၃။ ၂၄။ ၂၅။

သားလေးကိုကစားကွင်းပို့ပြီး ကိုယ်တိုင်ဝင်ရောက်ဆော့ကစားခဲ့တဲ့ မိခင် – ပုံ(၂၀)

မိဘတွေအတွက် ကလေးထိန်းရတဲ့အလုပ်ဟာ လွယ်တဲ့ကူတဲ့အလုပ်တစ်ခုတော့မဟုတ်ပါဘူး။ အထူးသဖြင့် မိခင်ဖြစ်သူတွေဟာ ပိုပြီးတော့ပင်ပန်းလေ့ရှိကြပါတယ်။ ကလေးရှိတဲ့ အိမ်ထောင်သည်မိခင်တစ်ယောက်အတွက် အဝတ်တွေလျှော်ပေးရတာ၊ မိသားစုအချိန်မှီစားသောက်နိုင်ဖို့အတွက် ချက်ပြုတ်ရတာ၊ ကလေးတွေဆော့ကစားနေတဲ့အချိန် ထိခိုက်မှုမရှိစေရန် အချိန်ပြည့်စောင့်ကြည့်နေရတာ အစရှိတဲ့အကြောင်းအရင်းများစွာကြောင့် ကလေးအမေတစ်ယောက်ရဲ့ ကိုယ်ပိုင်အားလပ်ချိန်ဟာ မရှိသလောက်ကို ဖြစ်နေတတ်ပါတယ်။ ဒါကြောင့်လည်း ကလေးတွေအိပ်ပျော်နေတဲ့အခါမှ မိဘတွေဟာ အနားယူရလေ့ရှိပါတယ်။ ဒါပေမဲ့ တောင်ကိုးရီးယားက ကလေးအမေတစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင်မင်းသမီး Lee Mi-do ကတော့ သူမရဲ့သားလေးနဲ့ ပျော်စရာကောင်းတဲ့အားလပ်ချိန်တွေကို ဘယ်လိုဖြတ်သန်းနေသလဲဆိုတာတွေကို ဓာတ်ပုံရိုက်ပြီး သူမရဲ့ Instagram ပေါ်မှာ တင်ခဲ့ပါတယ်။ Lee Mi-do နဲ့ သူမရဲ့သားလေး ကစားကွင်းမှာ ဆော့ကစားနေတဲ့အချိန် သူမရဲ့အမျိုးသား ရိုက်ကူးပေးခဲ့တဲ့ဓာတ်ပုံတွေကို ကလေးအမေအများစုက ကြိုက်နှစ်သက်ခဲ့ကြပြီး ဓာတ်ပုံတွေအတွက် ကျေးဇူးတင်ကြောင်းနဲ့ အမျိုးမျိုးမှတ်ချက်ပေးခဲ့ကြပါတယ်။ အောက်ဘက်မှာတော့ Lee Mi-do ရဲ့ …

သားလေးကိုကစားကွင်းပို့ပြီး ကိုယ်တိုင်ဝင်ရောက်ဆော့ကစားခဲ့တဲ့ မိခင် – ပုံ(၂၀) Read More »

နာမည်‌ကျော်ပန်းချီကားတွေထဲက ပုံစံအတိုင်းဓာတ်ပုံရိုက်ကူးခဲ့ကြသူများ – ပုံ(၂၀)

‌ကိုဗစ်(၁၉) ကမ္ဘာ့ကပ်ရောဂါကြောင့် ယခုနှစ်မှာတော့ နိုင်ငံအတော်အများများက လူအများစုဟာ Stay Home နေထိုင်ကြပါတယ်။ ထိုသို့ အိမ်မှာနေရင်း လူအများစုက အွန်လိုင်းပေါ်မှ သင်ခန်းစာများလေ့လာခြင်း၊ စျေးရောင်းခြင်း၊ Tik Tok ကစားခြင်းနဲ့ မုန့်တွေအမျိုးမျိုးပြုလုပ်ခြင်း အစရှိတဲ့ မိမိတို့ဝါသနာတဲ့အရာများကို ပြုလုပ်ကြပါတယ်။ ဒါပေမယ့် အချို့သောသူတွေကတော့ လူမှုကွန်ယက်ပေါ်မှာ Challenge အမျိုးမျိုးပြုလုပ်ကြတဲ့သူတွေလည်း ရှိပါတယ်။ Challenge တွေထဲမှ အချို့သောသူတွေက နာမည်ကြီးပန်းချီကားများနဲ့ အခြားပန်းချီကားတွေထဲက ပုံစံအတိုင်းပြုလုပ်ပြီး ဓာတ်ပုံရိုက်ကူးတဲ့ Challenge ကို ပြုလုပ်ခဲ့ကြပါတယ်။ အောက်ဘက်မှာတော့ ပန်းချီကားတွေထဲက ပုံစံအတိုင်းဓာတ်ပုံရိုက်ကူးခဲ့ကြသူများရဲ့ ရယ်စရာကောင်းတဲ့ ဓာတ်ပုံအချို့ကို မျှဝေတင်ဆက်ပေးလိုက်ပါတယ်။ ၁။ ၂။ ၃။ ၄။ ၅။ ၆။ ၇။ ၈။ ၉။ ၁၀။ ၁၁။ ၁၂။ …

နာမည်‌ကျော်ပန်းချီကားတွေထဲက ပုံစံအတိုင်းဓာတ်ပုံရိုက်ကူးခဲ့ကြသူများ – ပုံ(၂၀) Read More »

ထင်မှတ်ထားသလိုဖြစ်မလာတဲ့ မုန့်တွေရဲ့ရယ်စရာအလွဲဓာတ်ပုံများ – (၂၅)ပုံ

သင်ဟာ ကိတ်မုန့်တွေကိုကြိုက်နှစ်သက်ပြီး မုန့်ဖုတ်ရတာကို ဝါသနာပါတဲ့သူတစ်ယောက်ဖြစ်နေမယ်ဆိုရင် ယခုလို Stay Home ကာလမှာတော့ မုန့်တွေကိုစမ်းသပ်ပြီး ပြုလုပ်ကြည့်ဖို့ အချိန်ကောင်းတစ်ခုဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သင်ဟာ မုန့်တွေကိုစမ်းသပ်ပြီး ပြုလုပ်ကြည့်တဲ့အခါ ထင်မှတ်ထားသလိုဖြစ်မလာတဲ့ အချိန်အခါမျိုးနဲ့လည်း ကြုံတွေ့ဖူးမှာပါ။ လူမှုကွန်ယက်တစ်ခုဖြစ်တဲ့ Reddit ရဲ့ group တစ်ခုမှာတော့ မုန့်စမ်းသပ်ပြုလုပ်သူများက သူတို့ပြုလုပ်ထားတဲ့ မုန့်တွေရဲ့ စိတ်ကူးနဲ့ တလွဲစီဖြစ်သွားတဲ့မုန့်တွေရဲ့ဓာတ်ပုံကို မျှဝေခဲ့ကြပါတယ်။ အောက်ဘက်မှာတော့ သူတို့မျှဝေထားတဲ့ မုန့်တွေရဲ့ဓာတ်ပုံအချို့ကို စုစည်းဖော်ပြပေးလိုက်ပါတယ်။ ၁။ ၂။ ၃။ ၄။ ၅။ ၆။ ၇။ ၈။ ၉။ ၁၀။ ၁၁။ ၁၂။ ၁၃။ ၁၄။ ၁၅။ ၁၆။ ၁၇။ ၁၈။ ၁၉။ ၂၀။ ၂၁။ ၂၂။ …

ထင်မှတ်ထားသလိုဖြစ်မလာတဲ့ မုန့်တွေရဲ့ရယ်စရာအလွဲဓာတ်ပုံများ – (၂၅)ပုံ Read More »

ကံမဆိုးမှီစက္ကန့်ပိုင်းအလိုမှာ ရိုက်ကူးထားတဲ့ရယ်စရာဓာတ်ပုံများ – (၂၅)ပုံ

တစ်ခါတစ်ရံမှာ ဓာတ်ပုံတွေကိုအမှတ်တမဲ့ရိုက်လိုက်ပေမယ့် ထင်မှတ်မထားတဲ့အခြေအနေနဲ့ကြုံတွေ့ပြီး နောက်တစ်ခါပြန်ရိုက်ကူးဖို့ မဖြစ်နိုင်တော့တဲ့ အချိန်အခါမျိုးတွေရှိတတ်ပါတယ်။ ဥပမာ တစ်စုံတစ်ယောက်က Selfie ဓာတ်ပုံရိုက်ကူးနေရင်း အနောက်ကခွေးကိုက်ခံရတဲ့အချိန် ဒါမှမဟုတ် ရှိုးပွဲတစ်ခုမှာ ဓာတ်ပုံရိုက်နေတဲ့အချိန် လက်ထဲကဖျော်ရည်ခွက်မှောက်ကျသွားတာမျိုး အစရှိတဲ့ အမှတ်တရအဖြစ်အပျက်တွေလိုပေါ့။ အောက်ဘက်မှာတော့ ယခုလိုအဖြစ်အပျက်မျိုးကို ရိုက်ကူးထားတဲ့ ရယ်စရာကောင်းတဲ့ဓာတ်ပုံအချို့ကို မိတ်ဆွေတို့ ပြုံးရယ်စေဖို့အတွက် စုစည်းဖော်ပြပေးလိုက်ပါတယ်။ ၁။ ၂။ ၃။ ၄။ ၅။ ၆။ ၇။ ၈။ ၉။ ၁၀။ ၁၁။ ၁၂။ ၁၃။ ၁၄။ ၁၅။ ၁၆။ ၁၇။ ၁၈။ ၁၉။ ၂၀။ ၂၁။ ၂၂။ ၂၃။ ၂၄။ ၂၅။

ဗိုင်းရပ်ကူးစက်ခြင်းမှကာကွယ်ရန် ထူးဆန်းတဲ့အရာတွေကို Mask အဖြစ်အသုံးပြုခဲ့ကြသူများ – ပုံ(၃၀)

ယနေ့ခေတ်မှာတော့ Mask တပ်ခြင်းဟာ ကိုရိုနာဗိုင်းရပ်နဲ့ အခြားသောလေမှတဆင့်ကူးစက်စေနိုင်တဲ့ရောဂါပိုးမွှားများရန်မှ ကာကွယ်ရန်အတွက် တပ်ဆင်ကြတယ်ဆိုတာ အားလုံးလည်းသိကြမှာပါ။ လူအများဟာ အိမ်အပြင်ကိုထွက်တာနဲ့ ဖုန်း၊ သော့၊ ပိုက်ဆံအိတ် အစရှိတာတွေအပြင် Mask ကို မပါမဖြစ်ပစ္စည်းတွေအဖြစ် ယူဆောင်သွားလေ့ရှိကြပါတယ်။ ဒါပေမယ့်လည်း အကြောင်းအမျိုးမျိုးကြောင့် Mask မတပ်ဆင်တဲ့သူတွေရှိကြသလို အချို့ကလည်း ကိုရိုနာဗိုင်းရပ်ကိုကာကွယ်ဖို့ ထူးဆန်းတဲ့ပစ္စည်းတွေကို Mask အဖြစ်အသုံးပြုကြသူတွေလည်း ရှိကြပါတယ်။ ယခုတစ်ခေါက်မှာတော့ အများနဲ့မတူဘဲ ထူးဆန်းတဲ့ပစ္စည်းတွေကို Mask အဖြစ်အသုံးပြုထားကြသူများရဲ့ဓာတ်ပုံအချို့ကို မျှဝေတင်ဆက်ပေးလိုက်ပါတယ်။ ၁။ ၂။ ၃။ ၄။ ၅။ ၆။ ၇။ ၈။ ၉။ ၁၀။ ၁၁။ ၁၂။ ၁၃။ ၁၄။ ၁၅။ ၁၆။ ၁၇။ ၁၈။ ၁၉။ ၂၀။ ၂၁။ …

ဗိုင်းရပ်ကူးစက်ခြင်းမှကာကွယ်ရန် ထူးဆန်းတဲ့အရာတွေကို Mask အဖြစ်အသုံးပြုခဲ့ကြသူများ – ပုံ(၃၀) Read More »

ဒီဇိုင်းပညာရှင်များရဲ့ ရယ်စရာကောင်းတဲ့ တီထွင်ဖန်တီးမှုများ – ဓာတ်ပုံ(၂၀)

ယနေ့ခေတ်မှာတော့ ဒီဇိုင်းပညာရှင်များဟာ အများနဲ့မတူဘဲ ဆန်းသစ်တီထွင်မှုများ ပြုလုပ်လာကြပါတယ်။ Professional ဒီဇိုင်းပညာရှင်များရဲ့လက်ရာများဟာ လူကြိုက်များကြပေမယ့်လည်း အချို့သောဒီဇိုင်းပညာရှင်များရဲ့ ဆန်းသစ်လွန်းတဲ့လက်ရာများဟာ ရယ်စရာကောင်းနေခဲ့ပါတယ်။ ဒီဇိုင်းပညာရှင်များရဲ့ဖန်တီးမှုများကို ကဲ့ရဲ့လိုစိတ်မရှိဘဲ မိတ်ဆွေတို့ရဲ့ဘဝအမောတွေ ပြေပျောက်စေဖို့အတွက်သာရည်ရွယ်ပြီး အခုတစ်ခေါက်မှာတော့ ဆန်းသစ်လွန်းတဲ့ ဒီဇိုင်းနာများရဲ့ရယ်စရာကောင်းတဲ့ ဓာတ်ပုံအချို့ကို မျှဝေပေးလိုက်ပါတယ်။ ၁။ ငွေရှင်းကောင်တာ ၂။ ဘောင်းဘီအလန်း ၃။ မြွေပုံသဏ္ဌာန် ခေါင်းစည်း ၄။ ဆေးလိပ်ပုံစံဆံပင် ၅။ FA များအတွက် ဖုန်းကာဗာ ၆။ ဖိနပ်ပုံစံကျောပိုးအိတ် ၇။ မြင်းပုံစံထိုင်ခုံ ၈။ နှာရည်ယိုနေတဲ့ပုံစံခွက် ၉။ ဒီပူပေါင်းရဲ့ လေမှုတ်ရမယ့်နေရာက သိပ်တော့အဆင်မပြေဘူး ၁၀။ ဘယ်လိုစားရမလဲတော့မသိဘူး ၁၁။ အသားပေါ်နေတဲ့ပုံစံ ဂျင်းဘောင်းဘီ ၁၂။ စားရတာတော့ သိပ်အားမရလောက်ဘူး ၁၃။ ဖိနပ်စီးထားတဲ့ပုံစံခြေအိတ် ၁၄။ လက်သည်းအလှပုံစံအဆန်း …

ဒီဇိုင်းပညာရှင်များရဲ့ ရယ်စရာကောင်းတဲ့ တီထွင်ဖန်တီးမှုများ – ဓာတ်ပုံ(၂၀) Read More »

အမျိုးသမီးတွေနဲ့ စျေးဝယ်ထွက်ရင်း အိပ်ပျော်သွားခဲ့ကြတဲ့အမျိုးသားများ – (၂၃)ပုံ

အိမ်ကမိန်းမနှင့် အတူဈေးဝယ်ထွက်ခြင်းဟာ ကမ္ဘာပေါ်မှာ ယောက်ျားတွေအကြောက်ဆုံးအလုပ်တစ်ခုလို့ဆိုနိုင်ပါတယ်။ ယောက်ျားလေးအများစုဟာစောင့်ရတဲ့ အလုပ်ဆို မည်သည့်အလုပ်မှ စိတ်မရှည်တတ်ကြပါဘူး။ မိမိရဲ့ချစ်သူအမျိုးသမီးဆိုတော့လဲ မစောင့်လို့ကလဲမဖြစ်ပြန်ဆိုတော့ ဂွကျလွန်းပါတယ်။ယခုဖေါ်ပြပေးမှာကတော့ မိမိအမျိုးသမီးတွေနှင့်ဈေးဝယ်ထွက်ရင်း စိတ်ရှည်ရှည်နဲ့ သည်းခံစောင့်ပေးနေတဲ့ အာဂအမျိုးသားတွေရဲ့ ဓါတ်ပုံလေးတွေဘဲဖြစ်ပါတယ်။ ၁။ ၂။ ၃။ ၄။ ၅။ ၆။ ၇။ ၈။ ၉။ ၁၀။ ၁၁။ ၁၂။ ၁၃။ ၁၄။ ၁၅။ ၁၆။ ၁၇။ ၁၈။ ၁၉။ ၂၀။ ၂၁။ ၂၂။ ၂၃။