Knowledge

ရှေးခေတ်အချိန်အခါတုန်းက တီထွင်ဖန်တီးအသုံးပြုခဲ့ကြတဲ့အရာများ – ပုံ(၂၀)

ယနေ့ခေတ်မှာတော့ နည်းပညာဟာ တစ်နေ့ထက်တစ်နေ့ပိုပြီးတော့ အဆင့်မြင့်တိုးတက်လို့နေပါတယ်။ ထိုကြောင့် လက်တစ်လောခေတ်စားပြီး အသုံးပြုနေကြတဲ့ပစ္စည်းတွေဟာ နောင်တစ်ချိန်မှာတော့ ထူးဆန်းတဲ့အရာတွေ ဖြစ်လာတတ်ပါတယ်။ ရှေးခေတ်အချိန်အခါက တီထွင်ဖန်တီးခဲ့ကြပြီး အသုံးပြုခဲ့ကြတဲ့အရာများဟာလည်း ယနေ့အချိန်မှာတော့ အနည်းငယ်မျှထူးဆန်းလို့ နေတတ်ပါတယ်။ ယခုတစ်ခေါက်မှာတော့ ရှေးခေတ်အချိန်တုန်းက တီထွင်ဖန်တီးခဲ့ကြတဲ့အရာများကို ဗဟုသုတအနေနဲ့ စုစည်းတင်ဆက်ပေးလိုက်ပါတယ်။ ၁။ ဒုတိယကမ္ဘာစစ်တုန်းက လေကြောင်းတိုက်ခိုက်မှုကြောင့် အိမ်ပြိုခြင်းမှကာကွယ်ရန် Morrison Shelter လို့ခေါ်တဲ့အကာအကွယ်မှာ နေနေကြပုံ ၂။ ၁၈၆၀ ခုနှစ်က အသုံးပြုခဲ့တဲ့ ရေငုပ်ဝတ်စုံ ၃။ နှစ်ပေါင်း(၃၅၀)ကြာပြီဖြစ်တဲ့ မြနဲ့ပြုလုပ်ထားတဲ့နာရီ ၄။ ၁၉၅၅ ခုနှစ် New York မြို့ရဲ့ ဥမြင်လိုဏ်ခေါင်းအတွင်းမှ ယာဥ်အသွားအလာနှုန်းကို စစ်ဆေးရန်အသုံးပြုတဲ့ လျှပ်စစ်ရထားအသေးစားလေး ၅။ ၁၉၄၉ ခုနှစ် Paris ကားပြပွဲမှ တစ်စီးတည်းသာထုတ်လုပ်ခဲ့တဲ့ Delahaye 175s …

ရှေးခေတ်အချိန်အခါတုန်းက တီထွင်ဖန်တီးအသုံးပြုခဲ့ကြတဲ့အရာများ – ပုံ(၂၀) Read More »

အချိန်ရဲ့တိုက်စားမှုဒဏ်ကို ဘယ်အရာမှ ရေရှည်မခံနိုင်ဘူးဆိုတာ သက်သေပြနေတဲ့ ဓာတ်ပုံများ – (၂၅)ပုံ

လောကကြီးမှာ အမြဲတမ်းတည်မြဲနေတဲ့အရာလုံးဝမရှိသလို ပြောင်းလဲခြင်းတွေဆိုတာကလည်း စဉ်ဆက်မပြတ်ဖြစ်ပေါ်နေတာပါ။ အချိန်က သက်ရှိသက်မဲ့အရာအားလုံး ကို လွှမ်းမိုးထားပြီး အချိန်ကြာလာတာနဲ့အမျှ ယိုယွင်းပျက်စီးသွားရတာချည်းပါပဲ။ လူတိုင်းသတိမထားမိပေမယ့် လည်းအချိန်က တရွေ့ရွေ့နဲ့ ပြောင်းလဲနေတယ်ဆိုတာကတော့ အမှန်ပါပဲ။ အောက်ဘက်မှာတော့ အချိန်ရဲ့ တိုက်စားမှုဒဏ်ကို ဘယ်အရာမှ ရေရှည်မခံနိုင်ကြောင်းကို သက်သေပြနေတဲ့ ဓာတ်ပုံတွေကိုဖော်ပြပေးလိုက်ပါတယ်။ ၁။ အချိန်အတိုင်းအတာတစ်ခုထိ ကြာမြင့်ပြီးတဲ့နောက်မှာတော့ စက်ဘီးခြေနင်းက အုတ်နံရံလို မာကျောတဲ့အရာကိုတောင် ပုံစံ ပျက်သွားစေနိုင်ပါတယ်။ ၂။ အအေးဘူးကို ထိုင်ခုံလက်ကိုင်က အံ့ကွက်ထဲမှာ ဒီတိုင်း ၂ နှစ်လောက် ပစ်ထားမိလိုက်တာ။ ဘူးရဲ့အပေါ်ပိုင်းက ဆေးရောင်တွေ လွင့်ပျယ်သွားခဲ့ပြီး ပုံထဲကအတိုင်း ဖြစ်သွားခဲ့ပါတယ်။ ၃။ နှစ်ပေါင်းမြောက်များစွာ ကြာမြင့်နေပြီဖြစ်တဲ့ ယူနီယမ်ရထားဘူတာရှိ ထိုင်ခုံတန်းလေးပါ။ မသိရင် သရဲကားတွေကထဲက ခုံတန်းလေးလိုလိုပါပဲ ၄။ ကမ်းကို မကြာခဏရိုက်ခတ်လာတဲ့ ပင်လယ်ရေက …

အချိန်ရဲ့တိုက်စားမှုဒဏ်ကို ဘယ်အရာမှ ရေရှည်မခံနိုင်ဘူးဆိုတာ သက်သေပြနေတဲ့ ဓာတ်ပုံများ – (၂၅)ပုံ Read More »

တိရိစ္ဆာန်လေးတွေကို ကျန်းမာရေးစစ်ပေးဖို့အတွက် အလေးချိန်တိုင်းတာပေးကြပုံများ – ပုံ(၂၀)

တိရိစ္ဆာန်ရုံမှာရှိတဲ့ တိရိစ္ဆာန်လေးကို အမြဲကျန်းမာနေစေဖို့အတွက် သူတို့လေးတွေကို ကျန်းမာရေး စစ်ဆေးပေးရပါတယ်။ အဲ့ဒီလို ကျန်းမာရေးကို စစ်ဆေးပေးတဲ့နေရာမှာ အလေးချိန်တိုင်းရတာလည်း တစ်ခုအပါဝင် ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ကို အလေးချိန်တိုင်းပေးဖို့က ထင်သလောက် မလွယ်ကူလှပါဘူး။ ဒါကြောင့် သူတို့လေးတွေကို ဘယ်လိုမျိုးအလေးချိန် ချိန်ပေးရလဲ ဆိုတာ ပုံလေးတွေကို တစ်ချက်ကြည့်လိုက်ပါနော်။ ၁။ ၂။ ၃။ ၄။ ၅။ ၆။ ၇။ ၈။ ၉။ ၁၀။ ၁၁။ ၁၂။ ၁၃။ ၁၄။ ၁၅။ ၁၆။ ၁၇။ ၁၈။ ၁၉။ ၂၀။

အန္တာတိကတိုက်မှာ ဟင်းချက်ရတဲ့အတွေ့အကြုံကို မျှဝေခဲ့တဲ့သိပ္ပံပညာရှင်

အန္တာတိကတိုက်မှာနေရတာဟာ အတော်လေးစွန့်စားရာရောက်နိုင်ပေမယ့် Astrobiologists သိပ္ပံပညာရှင်တွေအတွက်ကတော့ တစ်နည်းတစ်ဖုံနဲ့မိုက်နေခဲ့ပါတယ်။ ဒီသိပ္ပံပညာရှင်တွေထဲကတစ်ယောက်ကတော့ အလွန်အေးခဲနေတဲ့ရာသီဥတုအ‌ခြေအနေမှာ ဟင်းချက်ရတဲ့ အတွေ့အကြုံကို မျှဝေခဲ့ပါတယ်။ အလွန်အေးခဲနေတဲ့ရာသီဥတုကြောင့် အစားအစာတွေလည်း အေးခဲ‌နေခြင်းဟာ အံ့သြစရာမရှိပေမဲ့ ကမ္ဘာမြေဆွဲအားနဲ့ဆန့်ကျင်နေတဲ့ ပဉ္စလက်ဆန်ဆန် ခဲခဲတောင့်တောင့်အစားအစာတွေရဲ့ပုံစံကတော့ အနုပညာလက်ရာတစ်ခုလို ဖြစ်နေပါတယ်။ Astrobiologist သိပ္ပံပညာရှင်တစ်ယောက်ဖြစ်တဲ့ Cyprien Verseux ဆိုသူဟာ ကမ္ဘာမြေကြီးနဲ့ အဝေးကွာဆုံးနေရာ အန္တာတိကတိုက်မှာရှိတဲ့ Concordia သုတေသနစခန်းမှာ သုတေသနပြုလုပ်နေသူ ဖြစ်ပါတယ်။ Verseux အတွက် အေးခဲနေတဲ့ရာသီဥတုမှာ အလုပ်လုပ်ရတာဟာ ခက်ခဲပေမယ့်လည်း သူရဲ့အားလပ်ချိန်တွေမှာ လေ့လာစူးစမ်းမှုတွေထဲက ဆန်းသစ်မှုတွေကို ကိုယ်ပိုင်ဘလောခ့်တစ်ခုပေါ်မှာတင်လေ့ရှိပါတယ်။ ဒါ့အပြင် သူက အန္တာတိကတိုက်ပေါ်မှာ ဟင်းချက်ရတဲ့အတွေ့အကြုံကိုလဲ ဝေမျှဖို့ဆုံးဖြတ်ခဲ့တာပါ။ Verseux က ပုံတွေကို ” အားလပ်ချိန်ဖြတ်သန်းမှုပုံရိပ် “တွေအနေနဲ့သာ သူရဲ့တွစ်တာစာမျက်နှာပေါ်မှာတင်ခဲ့ပေမဲ့ တစ်ချိန်ထဲမှာပဲ လူတွေကို အလွန်အေးခဲနေတဲ့အပူချိန်နဲ့ …

အန္တာတိကတိုက်မှာ ဟင်းချက်ရတဲ့အတွေ့အကြုံကို မျှဝေခဲ့တဲ့သိပ္ပံပညာရှင် Read More »

မြင်တွေ့ဖို့ခက်ခဲလွန်းလှတဲ့ ကမ္ဘာတစ်လွှားမှ ထူးခြားဆန်းကြယ်သောအရာများ – ပုံ(၂၀)

ကမ္ဘာကြီးဟာ လျှို့ဝှက်ဆန်းကြယ်တဲ့အရာတွေနဲ့ ပြည့်နက်လို့နေပါတယ်။ ဥပမာ အဖို၊ အမ တစ်ပိုင်းစီဖြစ်နေတဲ့လိပ်ပြာ၊ ခန္ဓာကိုယ်ကို ဖောက်ထွင်းမြင်နိုင်တဲ့ငါး နဲ့ ကမ်းခြေကသဲတွေကို အဆပေါင်းများစွာချဲ့ပြီး ကြည့်လိုက်တဲ့အခါမှာ အမြင်တစ်မျိုးပြောင်းလဲနေတာမျိုးတွေလိုပေါ့။ အောက်ဘက်မှာတော့ ကမ္ဘာတစ်လွှားမှ မြင်တွေ့ဖို့ခက်ခဲလွန်းလှတဲ့အရာတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။ ၁။ Maui ကမ်းခြေမှသဲကို အဆပေါင်း ၁၀၀ မှ ၃၀၀ အထိချဲ့ပြီး တွေ့မြင်ရသောမြင်ကွင်း ၂။ အဖိုတစ်ခြမ်း အမတစ်ခြမ်း Bilateral Gynandromorph လိပ်ပြာ ၃။ အရောင်နှစ်မျိုးနဲ့ နေကြာပန်း ၄။ ပုရွက်ဆိတ်ရဲ့ခေါင်းကို အဏုကြည့်မှန်ပြောင်းဖြင့် ကြည့်လိုက်သောအခါ တွေ့မြင်ရသောမြင်ကွင်း ၅။ လိပ်တစ်ကောင်ရဲ့ အရိုးတည်ဆောက်ပုံ ၆။ ပြင်သစ်နိုင်ငံမှာ ရှာဖွေတွေ့ရှိခဲ့တဲ့ နှစ်သန်းပေါင်း(၁၄၀)ကြာပြီဖြစ်တဲ့ ဒိုင်နိုဆောအရိုး ၇။ နော်ဝေးနိုင်ငံ Kongsfjorden အနီး ရေအောက်ထဲမှာ တွေ့မြင်ရသော …

မြင်တွေ့ဖို့ခက်ခဲလွန်းလှတဲ့ ကမ္ဘာတစ်လွှားမှ ထူးခြားဆန်းကြယ်သောအရာများ – ပုံ(၂၀) Read More »

သင်ထင်ထားတာထက် ပိုမိုကြီးမားနေတဲ့အရာဝတ္ထုများကို နှိုင်းယှဥ်ပြထားသောဓာတ်ပုံများ – (၂၅)ပုံ

ကျွန်တော်တို့တွေဟာ အချို့သောကြီးမားတဲ့အရာဝတ္ထုတွေကို ဓာတ်ပုံထဲမှာသာ မြင်တွေ့ဖူးကြပြီး လက်တွေ့မှာ ထိုအရာဝတ္ထုတွေရဲ့ အရွယ်အစားတွေဟာ မည်မျှကြီးမားတယ်ဆိုတာ မသိကြပါဘူး။ ဒါပေမယ့် ထိုကြီးမားတဲ့အရာဝတ္ထုတွေကို ကျွန်တော်တို့ရင်းနှီးတဲ့ အရာဝတ္ထုတစ်ခုခုနဲ့ယှဥ်တွဲပြီး အတူတွေ့မြင်ရတဲ့အခါမှာတော့ မည်မျှကြီးမားတယ်ဆိုတာကို သိရှိနားလည်သွားကြမှာပါ။ အောက်ဘက်မှာတော့ ကြီးမားတဲ့အရာဝတ္ထုတွေကို အခြားအရာတစ်ခုခုနဲ့ နှိုင်းယှဉ်ပြီး ရိုက်ကူးထားတဲ့ဓာတ်ပုံတွေကို စုစည်းတင်ဆက်ပေးလိုက်ပါတယ်။ ၁။ ကမ္ဘာ့အမြင့်ဆုံးရုပ်ထု Statue of Unity ကို လူတွေနဲ့တွေ့ရပုံ ၂။ ပင်လယ်လိပ်ကို လူတစ်ဦးနှင့်အတူတွေ့မြင်ရပုံ ၃။ အာဖရိကခရု ၄။ မြင်းရဲ့အဆုပ်ကို လေထိုးသွင်းထားပုံ ၅။ ကမ္ဘာ့အကြီးဆုံးပိရမစ် The Great Pyramid Of Giza ကို လူတစ်ဦးနှင့်အတူတွေ့ရပုံ ၆။ နေရဲ့အရွယ်အစားဟာ ကမ္ဘာကြီးအလုံးရေ မည်မျှဆန့်သလဲဆိုတာ သရုပ်ဖော်ပြထားပုံ ၇။ ဗို့အား(၄)သိန်းရှိတဲ့ မြေအောက်ကေဘယ်ကြိုးရဲ့ အရွယ်အစား …

သင်ထင်ထားတာထက် ပိုမိုကြီးမားနေတဲ့အရာဝတ္ထုများကို နှိုင်းယှဥ်ပြထားသောဓာတ်ပုံများ – (၂၅)ပုံ Read More »

ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ ထူးထူးဆန်းဆန်းအဆောက်အဦးများ – (၃၅)ပုံ

၁။ ပြင်သစ်နိုင်ငံမှာရှိတဲ့ ‌Polygone Riviera ရှော့ပင်းစင်တာ ၂။ ထိုင်းနိုင်ငံ ဘန်ကောက်မှာရှိတဲ့ Mahanakhon Tower ၃။ ဒူဘိုင်းမှာရှိတဲ့ Ferrari World ၄။ အမေရိကန်နိုင်ငံ Hollywood မှာရှိတဲ့ Pacific Design Center အဆောက်အဦး ၅။ တာမင်နစ္စတန်နိုင်ငံမှာရှိတဲ့ မင်္ဂလာခန်းမကြီး ၆။ တရုတ်နိုင်ငံ Chongqing Shi မှာရှိတဲ့ အနုပညာပြတိုက် ၇။ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှာရှိတဲ့ Geisel စာကြည့်တိုက် ၈။ ကနေဒါနိုင်ငံ Vancouver မှာရှိတဲ့ အာကာသပြတိုက် ၉။ မြောက်ကိုးရီးယားနိုင်ငံမှာရှိတဲ့ သိပ္ပံနဲ့နည်းပညာစင်တာ ၁၀။ ကူဝိတ်နိုင်ငံမှာရှိတဲ့ Al Tijaria Tower ၁၁။ သြစတီးယားနိုင်ငံ ဗီယင်နာ မှာရှိတဲ့ Dc Tower …

ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ ထူးထူးဆန်းဆန်းအဆောက်အဦးများ – (၃၅)ပုံ Read More »

error: Content is protected !!