ဘောလုံးသမားဘဝကိုစွန့်လွှတ်ပြီး အပြာရုပ်ရှင်မင်းသားအဖြစ် လုပ်ကိုင်ခဲ့သူ
မိမိတို့ရဲ့ဘဝရှေ့ရေး တိုးတက်ကောင်းမွန်ဖို့အတွက် ပိုမိုကောင်းမွန်တဲ့အလုပ်အကိုင်အခွင့်အလန်းတွေကို ပြောင်းလဲရွေးချယ်ပြီး လုပ်ကိုင်ကြတာဟာ အထူးအဆန်းတစ်ခုတော့မဟုတ်ပါဘူး။ ဒါပေမယ့် ဥရောပဘောလုံးကလပ်အသင်းတစ်သင်းမှာ ကစားနေတဲ့ဘောလုံးသမားတစ်ယောက်ကတော့ ဘောလုံးသမားဘဝကိုစွန့်လွှတ်ပြီး အပြာရုပ်ရှင်လောကထဲက ဝင်ရောက်လာခဲ့ပါတယ်။ အီတလီနိုင်ငံက Davide Iovinella လို့ခေါ်တဲ့အသက်(၂၈)နှစ်အရွယ် ဘောလုံးသမားဟာ အီတလီအမှတ်ပေးဘောလုံးပြိုင်ပွဲတစ်ခုဖြစ်တဲ့ Serie D ရဲ့ ASD Caldio Pomigliano ဆိုတဲ့ဘောလုံးအသင်းမှာ ကစားခဲ့တဲ့ဘောလုံးသမားတစ်ယောက်ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ဥရောပဘောလုံးသမားအများစုဟာ အသက်(၃၀)ကျော်မှ အနားယူလေ့ရှိကြပေမယ့်လည်း Iovinella ကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ပဲ ဘောလုံးသမားဘဝကနေအနားယူပြီး အပြာမင်းသားတစ်ယောက်အဖြစ် လုပ်ကိုင်ခဲ့ပါတယ်။ The Sun သတင်းရဲ့အဆိုအရ Iovinella ဟာ အသက်(၂၄)အရွယ်ကတည်းကပင် ဘောလုံးကစားတာကိုနားပြီး သူ့ရဲ့အိမ်မက်တစ်ခုဖြစ်တဲ့ အပြာမင်းသားတစ်ယောက်အဖြစ် လုပ်ကိုင်ချင်ခဲ့တာလို့ဆိုပါတယ်။ ဥရောပထိပ်တန်းအသင်းတွေမှာ ကစားနေကြတဲ့ ဘောလုံးကစားသမားတွေဟာ လစာကောင်းကြပေမယ့် Pomigliano အသင်းမှာကစားနေတဲ့ Iovinella ဟာ လစာနည်းလို့ …
ဘောလုံးသမားဘဝကိုစွန့်လွှတ်ပြီး အပြာရုပ်ရှင်မင်းသားအဖြစ် လုပ်ကိုင်ခဲ့သူ Read More »